Monday, July 13, 2009

LET'S SPEAK SINGLISH LAH ! ( PART 1 )


..စကာၤပူမွာအေနၾကာတဲ့ သူတွေကတော့  Singlish စကားကိုတီးမိခေါက်မိကြမှာပါ..
ကိုယ်တိုင်သိပ်ပြောတတ်လို့ ရယ်တေါ့ လည်းမဟုတ်ပါဘူး..Singapore အလည်လာရင်ပဲဖြစ်
ဖြစ်..
Jobရှာဖို့ ပဲ
ဖြစ်ဖြစ်.. Singapore မှာအခြေ ချနေထိုင်ဖို့ ပဲဖြစ်ဖြစ်..Singlish စကားလေးနားလည်
ထားတော့ နေရာတိုင်းမှာcommunicate လုပ်ရတာ လွယ်ကူအဆင်ပြေစေမှာပါ..

Singlish ဆိုသည်မှာ...
လွယ်လွယ်ပြောရရင်တော့ 
Singlish = Multi-lingual Language
= ( Hokkien Chinese+Malay+Tamil or Standard English )..အဲဒီလိုမျိုး စုပေါင်း စပ်ပေါင်း
ပြောရတာမျိုး ပါ..အဲဒါထက်ထူးခြားတါကတော့  Singlish စကားပြော တဲ့ အခါ (Grammer,tenses,plural,definite articles )တွေနဲ့ Sentence ဆန်ဆန်မပြောပဲ..အလွယ်ဖြတ်ပြီး broken ပဲပြောတတ်ကြတယ်။
ဥပမာ-" Okay Lah! "ဆိုတဲ့ စကားမှာ" Lah"ဆိုတဲ့ အာလုပ် စကားလုံးကသဘောတူ တဲ့ အဓိပ္ပာယ်ကိုဆောင်ပါတယ်။
အသုံးများတဲ့ စကားတချို့ နဲ့  စကားလုံး တချို့ ကို"An essential guide to Singlish " ဆိုတဲ့ စာအုပ်ထဲကနေ
ထုတ်နုတ်ဝေမျှလိုက်ပါတယ်။

"Greeting"

ENGLISH SINGLISH MYANMAR
Hello / Hi/Good Morning/Good Afternoon Eh.Long time no see.Hi( or ) Hi မတွေ့ တာကြာပြီနော်။
I'm pleased to meet you. Nice to meetchu.Hi တွေ့ ရတာဝမ်းသာပါတယ်။
How are you? So how? မာပါရဲ့ လား။
I 'm well,thank you Okay Lah. ကောင်းပ။
I'm allright. Lai dat, so so lah. အင်း။ဒီလိုပါပဲ။
Let me introduce with my wife This my wife ဒါငါ့ အမျိုးသမီးပေါ့ ။
Where are you going? You go where? ဘယ်လဲ။
See you later Okay lah,ketchup with you နောက်တွေ့ ကြမယ်လေ။
Excuse me! Accuse me! တဆိတ်လောက်။
Let's get going Come let's go လာ သွားရအောင်။
I'm sorry Sorry,ah. ah = r အသံထွက်ရန်
I'm very sorry. Oh not lai dat,sorry lah အိုး။အဲလိုမဟုတ်ရပါဘူး။Sorry နော်။
Forgive me. Pai Seh,Pai Seh! ဖိုင်းစယ် ( hokkien စကား )
Don't worry about it. Sorright lah,sokay neh mind. ရပါတယ်။ကိစ္စမရှိပါဘူး။
Thank you Thank you ah. ကျေးဇူး။
You're welcome No problem.Sokay ရပါတယ်။ကိစ္စမရှိပါဘူး။
Give me a moment,please You wait for a while ah. မင်းခဏစောင့် ။



































































































Saturday, January 10, 2009

ကြာဇံချက်၊ရှောက်သီးသုတ်နှင့် စနေနေ့တစ်ရက်....






ဒီနေ.တော.မရေးဖြစ်တာကြာပြီဖြစ်တဲ့ဘလော့လေးကိုပြန်ဖွင့်ကြည့်ရင်း အမေ့လက်ရာကြာဇံချက်..
့အစ်မလက်ရာရှောက်သီးသုတ် လေးနဲ့ စနေတစ်နေ့ ကိုဖြတ်သန်းဖြစ်ခဲ့ တယ်..
ဂျပန်ကနေအလည်ပြန်ခဲ့ တဲ့ အမေက ဟိုက သားကြီ့း ချွေးမနဲ့ မြေးမလေးကိုအလွမ်းပြေ ကြာဇံချက်နဲ့ 
ရှောက်သီးသုတ် လေးကိုဘလော့ ကတဆင့် ပို့ ပေးရင်း....
အမေတို့ ပြောပြတဲ့ လွမ်းစရာဂျပန်ပြည်အကြောင်းနားထောင်ကြရင်း....
ဂျပန်ကလက်ဆောင်ပစ္စည်းလေးတွေတပျော်တပါးကြည့် ကြရင်း....

Tuesday, July 22, 2008

အောင်မြင်မှုအတွက်လှေကားတစ်ခှု....MBA DEGREE

၂၁ရာစုမှာနည်းပညာသစ်တွေရဲ့ တိုးတက်မှုအရှိန်အဟုန်ကြောင့်  ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးဟာ
ယနေ့  စီးပွါးရေးဈေးကွက်ရဲ့ အရည် အသွေးစံတစ်ခုအလျင်အမြန်ဖြစ်လာပါတယ်...
ရှုပ်ထွေးပွေလီလှတဲ့ လက်ရှိ
စီးပွါးရေး
လုပ်ငန်းနယ်ပယ်မှာလျင်မြန်တဲ့  အပြောင်းအလဲစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့  အတတ်ပညာ တစ်ခု လိုအပ်လာပါတယ်
..
အဖွဲ့ အစည်းတစ်ခုအတွင်းမှာ လုပ်ငန်းလည်ပတ်မှုသဘောတရားတွေကို ကျွမ်းကျင်ခြင်းဟာ
စီမံခန့် ခွဲသူတစ်ယောက်ရဲ့ အောင်မြင်မှု၊ ကုမ္ပဏီရဲ့ အောင်မြင်မှု ပါပဲ..
MBA ( Master of Business Administration ) Degree ဟိာိိိိ နိုင်ငံတကာအသိမှတ်ပြုအရည်အချင်းတစ်ခုဖြစ်ပြီး၊စီးပွါးရေး၊စီမံခန့် ခွဲမှုနယ်ပယ်မှာအသက်မွေးဝမ်းကျောင်း
ပြူ ချင်သူတွေအတွက်အရေးပါ..ပါတယ်။
..စီမံခန့် ခွဲသူတစ်ယောက်ဟာကုမ္ပဏီတွေ၊ customerတွေ၊ စီးပွါးရေးစိန်ခေါ်မှုတွေကို ရင်ဆိုင်
ဖို့  ဆိုတာရှိပြီးသားတတ်မြောက်မှု ၊ကျွမ်းကျင်မှုတွေကိုမွမ်းမံမြှင့် တင်နေ
ဖို့ အမြဲမပြတ်အာရုံစိုက်ထားရပါတယ်။
..MBA တတ်မြောက်ထားသူအတွက် အဆင့်မြင့် စီမံခန့် ခွဲမှုရာထူးကိုမျှော်မှန်းနိုင်သလို၊လက်အောက်ဝန်ထမ်းတွေကို
ပြောင်မြောက်တဲ့ စီမံခန့် ခွဲ်မှုနည်းလမ်းတွေ ၊အယူအဆတွေ၊အလေ့ အကျင့် တွေအသုံးချနိုင်ပါတယ်။
..ပြီးတော့ MBA့  ကသင့် ရဲ့ လုပ်ငန်းအပေါ်အမြင်၊အလုပ်ရှင် ၊လုပ်ဖေါ်ကိုင်ဖက်၊customer
နဲ့ ဆက်ဆံရေး၊ကိုတိုးတက်စေပြီး၊အခက်ခဲတွေရင်ဆိုင်တဲ့  အခါ
ကိုယ့် ကိုယ်ကိုယုံကြည်မှုအားဖြည့် ပေးပါတယ်..
..MBA ကိုအသက်မွေးဝမ်းကျောင်းအနေနဲ့ အားကိုးရွေးချယ် လိုက်ယုံနဲ့ special oneဖြစ်ပြီလို
့တော့ အာမ မခံနိုင်သေးပါဘူး..
ကျည်ဆံထည့် တဲ့ အဆင့် ပဲရှိပါသေးတယ်..ဥပမာ ကြည့် ပါ..
အဆင့်မြင့် စီမံခန့် ခွဲမှုရာထူးကိုအပြိုင်ဖြစ်နေတဲ့  လု၂ယောက်...Mr.A နဲ့  Mr.B..
Mr.Aကလုပ်ငန်းအတွေ့ အကြုံ ၁၀နှစ် ရှိသူ..Mr.B ကတော့ University ကြီးကြီးတစ်ခုကနေMBA Degree ရ ပေမယ့် ..
လုပ်ငန်းအတွေ့ အကြုံနဲသူ..သင်ဘယ်သူ့ ကိုရာထူးပေးမလဲ??
..အဖြေကဒီလိုပါ..အဖွဲ့ အစည်းလုပ်ငန်းနဲ့ အမြဲထိတွေ့ နေတဲ့ ဘ၀၊အထူးသဖြင်
့ပုဂ္ဂလိက
ကလုပ်ငန်းတွေမှာရခဲ့ တဲ့ အောင်မြင်မှုအတွေ့ 
အကြုံ
ကောင်းတွေ...လုပ်ရည်ကိုင်ရည်တွေ..ကအမှတ်ပိုရပါတယ်..ဟုတ်ပါတယ်..
ရိုးရှင်းတဲ့ formulaပါ..
မလုပ်ပြဘဲနဲ့ တော့ အရေအချင်းကဓါးအိမ်ထဲကဓါးတစ်လက်လိုပါပဲ...
အခက်ခဲတွေ၊အမှားအယွင်းတွေကို
ိုအကြိမ်ကြိမ်အောင်မြင်စွာရင်ဆိုင်ကျော်လွားနိုင်တဲ့
အတွေ့ အကြုံကောင်းတွေမရှိသေးရင်တော့ ..........သင် ???
..အားနည်းချက်တွေအားသာချက်တွေကိုလေ့ လာပြီး..
အောင်မြင်မှုအတွက်လှေကားတစ်ခုကိုတက်လှမ်းချင်ပြီဆိုရင်တော့ ...


http://www.mediafire.com/?mmyj2wxudfg
http://www.studyjapan.go.jp/en/toj/toj0302e.html

*** Scholar ရရင် ငွေမကုန်ပဲ..part time လေးလုပ်ရင်းအိမ်ကိုပြန်ပို့ နိုင်ကြပါစေ..

( ကိုးကား ။ Adjunct Professor Sattar Baway,,(National University of Ireland,Dublin..)
A higher degree of success )(Link from: Dr.Myat Nyan )

Sunday, July 6, 2008

ထူးဆန်းထွေလာ...


အမေရိကားမှ သောမတ်စဘက်တီ ဆိုသူဟာမနေ့ ကသမီးမိန်းခလေးကိုအောင်မြင်စွာဖွားမြင် လိုက်ပါတယ်..
အများသူငါလိုပဲ ဗိုက်ခွဲမွေးခဲ့ သူဘက်တီ က..."..သမီးလေးကတကယ့် ကိုချစ်စရာလေးဗျာ....'..လို့ ဝမ်းသာအား၇ပြောပါတယ်...ဖြစ်ပုံကဒီလိုပါ....
ဘက်တီဆိုတာတကယ်တော့ ထေ၇်စီဆိုတဲ့ မိန်းမဘ၀ ကနေနှစ်အတော်ကြာကတည်းက..၇င်သားကိုခွဲစိတ်ပြူုပြင်ပြီးကျားဟော်မုန်းဆေးတွေထိုးခဲ့ ပါသတဲ့ ..တရားဝင်လိင်ပြောင်းခြဲ့ ပြီးပသိုင်းမွေးတကားကားကိုခန်.ညားကြီးက..
နန်စီကိုလက်ထပ်ခဲ့ ပေ မယ့် ..နဂိုမ အင်္ဂါတွေ ကို မပြုပြင်ပဲ..တစ်နေ.သူကိုယ်ဝန်ဆောင်နိုင်ခဲ့ံ့တာပါ...ခလေးအရမ်းလိုချင်တဲ့  ဘက်တီ တစ်ယောက်နန်စီကလည်းခလေးမရ်နိုင်တော့ တာနဲ့  မ ကြာမီ ကာလကပဲ' ကျနော်ကိုယ်ဝန် ရှိနေပါတယ်...လို.media တွေကိုအတိအလင်းကြေငြာပြီးဟိုးလေးတကြော်ဖြစ်စေခဲ့ ပါတယ်...်ကိုယ်ဝန်မဆောင်ခင်ကာလမှာတော့ ဘက်တီဟာကျားဟော်မုန်းtestosterone ထိုးဆေးတွေကိုရပ်ပစ်ခဲ့ ပါတယ်..သူနဲ့  နန်စီတို့ ဟာအလှူရှင်ထံ မှသုတ်ပိုးကိုယူလာပြီးနေအိမ်မှာပဲကိုယ်ဝန်ရအောင်ကြိုးစားခဲ့ ကြပါတယ်...ဆရာဝန်တွေကတော့ ခုလိုလိင်ပြောင်းပြီးကိုယ်ဝန်ဆောင်ခလေးမွေးခဲ့ တာဘက်တီဟာပထမဦးဆုံးအမျိုးသားမဟုတ်ပါဘူးတဲ့ ..
"..ကျနော်က သမီးလေးရဲ့ ဖခင်..နန်စီကတော့ သမီးလေးရဲ့  မေမေပေါ့ ဗျာ...'လို့ ..ရှင်းနေတာကိုရှုတ်အောင်လုပ်တဲ့  ဘက်တီက ပြောရှာတယ်....သြော်... ဖြစ်ပုံ..........

Saturday, July 5, 2008

* ငါကတော့မြက် ဖိနပ်နဲ့
မြင်းမိုရ်တေါင်လည်းလိုက်တက်ခဲ့မယ်.....
သွားနှင့်ကြပါ........


* ဟိုး..မှာ....ဘုရားသခင်ရှေ့ တော်မှောက်
အိပ်မက်တွေဒူးထောက် လဲနေတဲ့ သူ...
သူ့ ကိုခေါ် ပါရစေ ဦး........


* ငါ့ ရှင်တို့ က ဘာလဲ...ငါကဘာလဲ..
နာမည်တွေ မြေကြီး ပေါ် ပစ်ချ ပြီးလှလှပပ..
ပြိုင်ရဲ ပါတယ်..
တစ်နေ့ တော့ တွေ့ မယ်.....


* နှစ်ဘက်သွား ဓါးတစ်လက်လို..
ပြိုးပြက်ဝင်းဖိတ်..
သုညဂူမှာလည်း..
ငါမှေးအိပ် ခဲ့ ပြီး ပြီ..........



* အိမ်အပြန်လမ်း..
အမေနဲ့ တွေ့ မှ..နမ်းမယ့် .....
ငြိမ်းချမ်း ခြင်းနှင်းဆီ...
ငါ့ ရင်ဘတ်မှာ သွေးတစ်စက်လို နီနေတယ်.....


* ချစ်သူလေးရေ....
မြို့ တံခါးကိုဖွင့် ..
မီးအိမ်တို့  နှင့် အတူကြိုပါ..
လေ၇ာင်စက်တဝေေ၀နဲ့ ..
သင့် ရဲ့ နွေရာသီမြင်းစီးခ၇ီးသည်...
ဓူဝံထက်မြင့် တဲ့ ကြယ်ကို...
ခူးယူလာမှာပေါ့ ကွယ်.........


( တာရာမင်းဝေ )

Download Mad_1978—Ne-Yo ringtone at audiko.net.