Saturday, July 5, 2008

* ငါကတော့မြက် ဖိနပ်နဲ့
မြင်းမိုရ်တေါင်လည်းလိုက်တက်ခဲ့မယ်.....
သွားနှင့်ကြပါ........


* ဟိုး..မှာ....ဘုရားသခင်ရှေ့ တော်မှောက်
အိပ်မက်တွေဒူးထောက် လဲနေတဲ့ သူ...
သူ့ ကိုခေါ် ပါရစေ ဦး........


* ငါ့ ရှင်တို့ က ဘာလဲ...ငါကဘာလဲ..
နာမည်တွေ မြေကြီး ပေါ် ပစ်ချ ပြီးလှလှပပ..
ပြိုင်ရဲ ပါတယ်..
တစ်နေ့ တော့ တွေ့ မယ်.....


* နှစ်ဘက်သွား ဓါးတစ်လက်လို..
ပြိုးပြက်ဝင်းဖိတ်..
သုညဂူမှာလည်း..
ငါမှေးအိပ် ခဲ့ ပြီး ပြီ..........



* အိမ်အပြန်လမ်း..
အမေနဲ့ တွေ့ မှ..နမ်းမယ့် .....
ငြိမ်းချမ်း ခြင်းနှင်းဆီ...
ငါ့ ရင်ဘတ်မှာ သွေးတစ်စက်လို နီနေတယ်.....


* ချစ်သူလေးရေ....
မြို့ တံခါးကိုဖွင့် ..
မီးအိမ်တို့  နှင့် အတူကြိုပါ..
လေ၇ာင်စက်တဝေေ၀နဲ့ ..
သင့် ရဲ့ နွေရာသီမြင်းစီးခ၇ီးသည်...
ဓူဝံထက်မြင့် တဲ့ ကြယ်ကို...
ခူးယူလာမှာပေါ့ ကွယ်.........


( တာရာမင်းဝေ )

1 Comments:

Blogger WWKM said...

ငယ်ငယ်ရေ..မမ လာလည်သွားတယ်နော်.ကိုကြီး ကပြောတယ်.ကိုငယ် က ကဗျာစပ်တာတော်တယ်တဲ့..ကိုယ်တိုင်ခံစားချက်နဲ့ ကဗျာလေးတွေရေးပြီးတင်လေ..မမ က ကဗျာလေး တွေ စိတ်ဝင်စားတယ်..သီချင်းလေးတွေလည်းအားလုံး နားထောင်လို့ ကောင်းတယ်..ကျေးဇူးပဲမောင်လေး ရေ..
အစ်မ..မ၀ါ

July 23, 2008 at 7:38 PM  

Post a Comment

Subscribe to Post Comments [Atom]

<< Home

Download Mad_1978—Ne-Yo ringtone at audiko.net.